Sep 17, 2018

အိန္ဒိယနိုင်ငံကို သာသနာပြုခဲ့သူ ၀ီလီယံကယ်ရီ

ဝီလီယံကယ်ရီ (၁၇၆၅-၁၈၃၄)

   
    တဲအိမ်ကုတ်လေး အတွင်း ဘိနပ်ဟောင်းများကို ချုပ်နေသော လူငယ်လေး ဝီလီယံ ကယ်ရီကို သင်မြင် တွေ့ခဲ့လျှင် နောင်အခါ ကျမ်းစာကို ကမ္ဘာဘာသာ စကားပေါင်း များစွာ၏ သုံးပုံတစ်ပုံသို့ ဘာသာပြန် ပေးသော သာသနာပြုလုပ်ငန်း၏ ဖခင်ကြီးဖြစ်လာမည်ဟု လုံးဝ ထင်မြင်ခဲ့မည် မဟုတ်ချေ။

ကလေးဘဝ

    ကလေးဘဝ၌ပင် ဇွဲလုံ့လရှိသူဖြစ်ကြောင်း ထင်ရှားခဲ့သည်။ စွန့်စားရသော အလုပ် ကို သူအမြဲ နှစ်သက် ခဲ့၏။ တစ်ချိန်က ငှက်သိုက်ကို စူးစမ်းရန် သစ်ပင်ပေါ်တတ်ရင်း ခြေ ချော် လိမ့်ကျခဲ့၏။ ကိုယ်ပေါ်၌ ခြစ်ရှရာ ဒဏ်ချက် များဖြင့် အိမ်ပြန်ခဲ့၏။ သူ၏ မိခင်က ဒဏ်ရ များကို ဆေးထည့် ပတ်တီး စည်းပေးပြီး ကုတင် ပေါ်တွင် လဲလျောင်း နားစေခဲ့သည်။ သို့သော် သူသည် အလွယ်တကူနှင့် အလျော့ ပေးတတ်သူ မဟုတ်ချေ။ မိခင်အလစ်တွင် အပြင် ထွက်သွားရာ သူမသတိရ၍ ကြည့်လိုက် သောအခါ လက်ထဲ၌ ငှက်သိုက် ကိုင်လျက် ပြန်လာ နေသော သားကို တွေ့လိုက်ရသည်။

    ဝီလီယံသည် အားကစားနှင့် ခရီးသွား ခြင်းကို နှစ်သက်သည်။ သူအနှစ်သက်ဆုံး သူရဲကောင်းမှာ ကိုလံဘတ်ဖြစ်ပြီး ထိုသူ၏ အကြောင်းကို မကြာခဏ ပြောခဲ့ပေလိမ့်မည်။ ထို့ကြောင့်လည်း သူ့အား အခြား ကလေးများက “ကိုလံဘတ်” ဟု ချစ်စနိုး ခေါ်ခဲ့ကြခြင်း ဖြစ်ပေသည်။ သူသည် ပတ်ဝန်းကျင် သဘာဝကို နှစ်သက် မြတ်နိုးပြီး လယ်ကွင်း ပြင်၌ တွေ့ခဲ့သော သစ်ပင်များ အင်းဆက်ပိုးများ၊ ငှက်ကလေးများကို ရွေးချယ် စုဆောင်းပြီး လေ့လာသည်။ ထိုအရာ များထက် စာပေများကို သူနှစ်သက် အမြတ်နိုးဆုံးဖြစ်သည်။ အထူး သဖြင့် ခရီးသွား မှတ်တမ်းနှင့် စွန့်စားခန်းများ အကြောင်းပါသော စာအုပ်များ ဖြစ်၏။ သူသည် ဘာသာ စကားများကို လေ့လာရန်လည်း စိတ်ဝင်စားခဲ့သည်။ ကလေးဘ၀၌ပင် လက်တင် ဘာသာ စကားကို စတင် လေ့လာခဲ့၏။

ဘိနပ်ချုပ်သမားဘဝ

    အသက် (၁၂) နှစ်အရွယ်တွင် ကျောင်းထွက် ရသည်။ အသက် (၁၄) နှစ်အရွယ်တွင် ဖခင်ဖြစ်သူက ဘိနပ်ချုပ် သမား တစ်ဦးထံတွင် အပ်နှံကာ ဘိနပ်ချုပ် အတတ် ပညာကို သင်ယူ စေခဲ့သည်။ ထိုအချိန်က သူသည် ဘာသာရေး၌ စိတ်ဝင်စားမှု လုံးဝမရှိချေ။ သူသည် အသင်း တော် သံစုံ သီချင်း အဖွဲ့၌ ပါဝင် သီဆိုခဲ့ပြီး ကောင်းမွန်သော ခရစ်ယာန် အိမ်ထောင် ၌ကြီး ပြင်းခဲ့သော်လည်း တခါတရံ အခြား သူငယ်ချင်း များနှင့် ပေါင်းသင်ကာ ဆဲရေးတိုင်း ထွာခြင်း၊ မုသာပြောခြင်း၊ ညစ်ညမ်းသော ပုံများပြောခြင်း ပြုခဲ့၏ သို့သော်လည်း သူနှင့် အတူ ဘိနပ်ချုပ် သင်သူတစ်ဦးဖြစ်သော ၀ါး (Warr) ၏ ပုံသက်သေ ကောင်းကြောင့် မကြာခဏ သြတ္တပ္ပစိတ် မကြည်မလင်ဖြစ်ကာ စတင်၍ ဆုတောင်း တတ်လာ၏။ တစ်နေ့ အလုပ်ရှင်၏ ငွေတစ်သျှီလင် (Shilling) ကို သုံးမိသောကြောင့် ဖမ်းဆီးပြီး လူပုံအလယ်၌ အရှက်ခွဲခံခဲ့ရ၏။ ဤဖြစ်ရပ် အားဖြင့် နှိမ့်ချစိတ် ဖြစ်စေခဲ့ပြီး စိတ်နှလုံး၌ ဘုရားသခင်၏ အမှုဆောင် အလုပ်လုပ်ရန် ပိုမိုလွယ် ကူစေခဲ့သည်။ မိမိသည် အပြစ်သား ဖြစ်ကြောင်း သိလာ သည်။ သင်းအုပ် ဆရာက “လူတစ်ဦးသည် ဘုရားကျောင်း တတ်ခြင်း၊ ကောင်းစွာ အသက် ရှင်ခြင်းဖြင့် ခရစ်ယာန် မဖြစ်နိုင်။ ခရစ်တော်ကို မိမိ၏ ကယ်တင်ပိုင်ရှင် အဖြစ် ယုံကြည်လက် ခံခြင်းဖြင့်သာ ခရစ်ယာန် ဖြစ်ကြောင်း ရှင်းပြခဲ့၏။ ထိုဖြစ်ရပ် အားလုံးက သူအသက်တာကို ဆောက်တည် ရာမရ (နေမထိ၊ ထိုင်မသာ) ဖြစ်စေပြီး နောက်ဆုံး ဒူး ထောက် လျက် ခရစ် တော်ကို လက်ခံကာ အသက်တာ ပြောင်းလဲသွားခဲ့၏။
   
    သူသည် ဘိနပ်ချုပ်လျက်ပင် အင်္ဂလန်ပြည်၊ မူလတန် (MOULTON) ရပ်ကွက် အသင်းတော်၌ သင်းအုပ် ဆရာ အဖြစ် လုပ်ဆောင်ခဲ့၏။ ကျွန်ုပ်ရဲ့ အလုပ်မှာ ခရစ်တော်ရဲ့ နိုင်ငံတော် ကျယ်ပြန့်ရေး ဖြစ်တယ်။ ဘိနပ်များ ချုပ်ခြင်း၊ ပြင်ခြင်းသည် စားဝတ်နေရေး အတွက် ဖြစ်ပါတယ်။” ဟု သူပြောလေ့ ရှိ၏။ သူနံဘေးတွင် စာအုပ် အမြဲထားကာ ဘိနပ်ချုပ်ရင်းနှင့် စာဖတ်နေတတ်၏။ ဤနည်းဖြင့် ဂရိနှင့် လက်တင် ဘာသာ စကားကို လေ့လာခဲ့၏။ ဟေဗြဲ၊ ပြင်သစ်၊ အီတလီ၊ ဒတ်ခ်ျ ဘာသာစကားများကိုလည်း လေ့လာ၏။ ဟေဗြဲ ဘာသာစကား လေ့လာရန် (၉) မိုင်ခန့် လမ်းလျှောက်၍ ဆရာဖြစ်သူထံ သွားရ၏။

အမှုတော်ဆောင်ဘဝ

    ထိုအချိန်က ဝီလီယံ ကယ်ရီသည် ကပ္ပတိန်ကုတ်(ခ) (CAPTAIN COOK) ရေးသား သော ပင်လယ်ခရီး စာအုပ်ကို ဖတ်ပြီး တောင်ဘက် ပင်လယ်ကျွန်းများရှိ ထောင်ပေါင်း များ စွာ သော လူများထံသို့ ဧ၀ံဂေလိ တရား ဟောရန် စိတ်ဖြစ်ပေါ်ခဲ့၏။ သူ့အလုပ်ရုံမှ သံမှိုနှင့် ချိတ်ဆွဲ ထားသော အိမ်လုပ်ကမ္ဘာမြေပုံပေါ်၌ သူဖတ်ရှု ခဲ့ရသော တိုင်ပြည်များ၏ အကြောင်း နှင့် လူဦးရေကို ရေးမှတ်ထားခဲ့သည်။ နံနက်တိုင်း သူ၏ ခုံတန်းလျား (ခုံရှေ) နားတွင် ဒူးထောက်၍ ကမ္ဘာ့မြေပုံကိုကြည့်ကာ ခရစ်တော် မရသေးသော တိုင်းနိုင်ငံများ အတွက် ဆုတောင်း လေ့ရှိ၏။ ဤသို့ဖြင့် ဧ၀ံဂေလိတရားကို တစ်ခါမျှ မကြား ဘူးသေးသူ များထံ သတင်း ကောင်း ရောက်ရန် စိတ်နှလုံးတွင် အမြဲတစေ စိုးရိမ်ပူပန်စိတ် ရှိခဲ့ပေသည်။

    သူသည် အခြားသော အမှုတော်ဆောင်များအား သာသနာပြု များ၏ လိုအပ်ချက် များကို ပြောခဲ့ပြီး ခရစ်တော် အကြောင်း တစ်ခါမျှ မကြားဘူးသေး သူများအတွက် ဆုတောင်း ရန် ဆုတောင်းအဖွဲ့ ဖွဲ့စည်းခဲ့၏။ ထို့အပြင် “သာသနာပြုများ၏ လိုအပ်ချက်များ” ကိုလည်း ရေးသားခဲ့၏။ အမှုတော်ဆောင်များ အစည်းအဝေး တစ်ခု၌ အယူ လွဲကာ ကိုးကွယ်မှု မှား ယွင်း နေသူများနှင့် ပတ်သတ်၍ စိုးရိမ်ပူပန် ကြောင့်ကြကြောင်း ပြောဆိုခဲ့ပြီး အမှုတော် ဆောင်များ၌လည်း တာဝန်ရှိကြောင်း တိုက်တွန်းနှိုးဆော် ခဲ့၏။ ထိုအချိန်၌ အသက်ကြီး သော အမှုတော်ဆောင် တစ်ဦးက “လူကလေး” ငြိမ်ငြိမ်နေစမ်း၊ ဘုရားသခင်က လူတွေ ပြောင်း လဲစေချင်ရင် ငါတို့အကူအညီ မပါဘဲ သူ့ဖာသာ လုပ်လိမ့်မယ်။” ဟု အော် ဟစ်ပြော ဆိုခဲ့၏။ အခြားသော အမှုတော်ဆောင်များ အားလုံးရှေ့၌ ကယ်ရီသည် နှိမ့်ချခြင်းကို ခံခဲ့ရ၏။ သို့သော်လည်း ငယ်စဉ်အခါက ရခဲ့သော အတွေ့အကြုံကြောင့် စိတ်ဓါတ်မကျဘဲ ရပ်တည်နိုင်ခဲ့သည်။

    (၁၇၉၀) ခုနှစ်၌ ကယ်ရီသည် သိက္ခာတော်ရ ဆရာဖြစ်လာခဲ့သည်။ (အခြားသော) ဘုရားသခင်၏ လူများအကြား၌ ထင်ရှား ကျော်ကြားလာခဲ့၏။ (၁၇၉၂) ခုနှစ်၌ နှစ်ခြင်း အမှုတော်ဆောင်များ နှစ်ပတ်လည် အစည်း အဝေး၌ သူ့အား တရားဟောခွင့် ပေးခဲ့၏။ ထိုအချိန်က သူဟောပြောခဲ့သော တရား၏ အဓိက အကြောင်းမှာ “ဘုရားသခင်ထံမှ ကြီးမား သော အရာများ မြှော်လင့်ပါ။ ဘုရားသခင်အတွက် ကြီးမားစွာ လုပ်ဆောင်ရန် ကြိုးပမ်းပါ။” ဟူ၍ ဖြစ်၏။ ဤအချက်သည် သူ၏အဓိက ဆောင်ပုဒ်ဖြစ်ခဲ့၏။

အိန္ဒိယပြည်၌ ကယ်ရီ၏အသက်တာ

    ကယ်ရီအတွက် သာသနာပြုသွားရန် လမ်းပွင့်ခဲ့ပြီ။ သို့သော် သူဘယ်ကို သွားသင့် သလဲ။ တောင်ပင်လယ် ကျွန်းများနှင့် အနောက် အာဖရိကတိုက်သို့ သွားရန် သူစဉ်းစားခဲ့၏။ သို့သော် ကယ်ရီအား အိန္ဒိယသို့ သွားရန် ဘုရားသခင် အကြံ အစည်တော် ရှိတော်မူခဲ့၏။ ထို့ကြောင့် အိန္ဒိယ၌ နေခဲ့ဘူးသော ဒေါက်တာ သောမတ်(စ်) အားဖြင့် အိန္ဒိယပြည်သို့ သာသနာ ပြုသွားရန် ဆုံးဖြတ်ခဲ့၏။ အသစ် ဖွဲ့စည်းထားသော သာသနာပြု အသင်းကြီး၏ ဥက္ကဌဖြစ်သူနှင့် အခြားသော ညီအစ်ကိုမောင်နှမ အနည်းစုက ကယ်ရီအ တွက် ဆုတောင်းခြင်း အားဖြင့် လည်းကောင်း၊ ငွေကြေး အားဖြင့်လည်းကောင်း၊ ကူညီရန် ကတိပြုခဲ့ကြ၏။ သာသနာပြု အနေဖြင့် အိန္ဒိယပြည်သွားရန် ဆုံးဖြတ်စဉ်က ကယ်ရီ၏အသက် မှာ (၃၃) နှစ်မျှ သာ ရှိသေး၏။

    အိန္ဒိယ သွားရန် ပြင်ဆင်ခြင်းနှင့် အခြား အကြောင်းရင်း များကြောင့် အနည်းငယ် ကြန့်ကြာခဲ့ပြီးမှ (၁၇၉၃) ခု၊ ဇန်လ (၁၃) ရက် နေ့တွင် ကယ်ရီနှင့် သူ၏ မိသားစု၊ ဒေါက်တာ သောမတ်(စ်) တို့ အိန္ဒိယ ပြည်သို့ ရေလမ်းခရီးဖြင့် သွားခဲ့ကြသည်။ ခရီးစဉ်၌ အခက်အခဲ အမျိုးမျိုး တွေ့ကြုံခဲ့ပြီး၊ နိုဝင်ဘာလတွင် အိန္ဒိယပြည် ကာလ ကတ္တာမြို့သို့ ဆိုက်ရောက်ခဲ့ သည်။ ကယ်ရီနှင့်အတူ သူ၏ဇနီး၊ ကလေး (၄) ယောက်၊ ခယ်မ/မရီး တို့ အတူ လိုက်ပါခဲ့ ကြသော်လည်း အိန္ဒိယ လူမျိုးများ၏ ၀ိညာဉ်အတွက် တစ်ယောက်မျှ စိတ်မ၀င်စား ကြချေ။ ကယ်ရီ၏ မိတ်ဆွေများနှင့် ဆွေမျိုးများက ငွေအနည်းငယ်နှင့် အခြားတိုင်းနိုင်ငံတွင် သွားရောက် နေထိုင်ခြင်းကြောင့် သူ့အား ရူးနေပြီဟု ထင်မှတ်ခဲ့ကြသည်။ သို့သော် ကယ်ရီ သည် အလွန် စိတ်အား ထက်သန်ပြီး မျှော်လင့်ချက်လည်း ရှိခဲ့သည်။ အိန္ဒိယပြည်မှ လာစဉ် ပင်လယ်ခရီး၌ သဘောင်္ပေါ် တွင် ဘင်္ဂါလီ စကားကို စတင် လေ့လာခဲ့၏။ နောင်အခါ ဟိန္ဒူ စတန်နီ၊ မာရတီနှင့်  ပါဠိ ဘာသာ စကားများကို သင်ယူခဲ့သည်။ အိန္ဒိယပြည်သို့ ရောက်ပြီး မကြာမီပင် အိန္ဒိယ လူမျိုးများကို စတင်က တရား ဟောခဲ့ပြီး သမ္မာကျမ်းစာကို ဘင်္ဂါလီ ဘာသာဖြင့် ပြန်ဆိုခဲ့၏။ ဘုရားသခင်သည် ဤအမှုတော် မြတ်ကြီးအတွက် သူ့အား ဘာသာ စကားများကို နှစ်သက် မြတ်နိုးစိတ် ရှိစေရန် ပြင်ဆင်တော် မူခဲ့သည်။

    အိန္ဒိယပြည်၌ ရောက်ပြီး တနှစ်အတွင်း မိသားစုအားလုံး တစ်ယောက်ပြီး တစ် ယောက် ဖျားနာခဲ့ ကြသည်။ အသက် (၅)နှစ် အရွယ် သားဖြစ်သူ ပီတာသည် ဖျားနာရောဂါ ဖြင့် အသက် ဆုံးပါးခဲ့သည်။

    သချ င်္ိုင်းတွင်း တူရန် မည်သူမျှ ဆန္ဒမရှိသောကြောင့် ဖျားနာနေသည့်အကြားမှ ကယ်ရီ ကိုယ်တိုင် တူးခဲ့သည်။ နောက်မှ အစေခံနှစ်ဦး ရောက်ရှိလာခဲ့ပြီး ကူညီသောကြောင့် ကယ်ရီ ခမျာ ကျေးဇူးတင်က ငိုလု နီးပါး ဖြစ်ခဲ့သည်။

    ကယ်ရီသည် စားဝတ်နေရေး အတွက် မဲနယ်စက်ရုံ မန်နေဂျာ လုပ်ကိုင်ခဲ့သည်။ သမ္မာကျမ်း ပုံနှိပ်ရန် ပုံနှိပ်စက် တစ်လုံး ရှိခဲ့၏။ နောင်တွင် မဲနယ်လုပ်ငန်း မအောင်မြင် သဖြင့် ထိုအလုပ် လက်လွှတ်ခဲ့ရပြီး ပုံနှိပ်စက် မှာလည်း မီးလောင် ပျက်စီးဆုံးရှုံးခဲ့၏။ သို့သော်လည်း ဤအရာများက သူ့အား စိတ်ဓါတ် ကျအောင် မတတ် စွမ်းနိုင် ခဲ့ချေ။ သူ့ကိုယ်သူ မေးသော မေးခွန်းမှာ “အိန္ဒိယပြည်ကို ငါဘယ်လို ကူညီမလဲ” ဟူ၍ ဖြစ်၏။

ကယ်ရီအား ဘုရားသခင် စတင်အသုံးပြုပုံ

    ခုနှစ်နှစ်မျှ ပင်ပန်းစွာ လုပ်ဆောင် ခဲ့ရပြီးနောက် ပထမဦးဆုံး ယုံကြည် လာသော လက်သမားတစ်ဦး ဖြစ်သူ ခရစ်ရှနူးပါ(လ်) အား ဗတ္တိဇံ မင်္ဂလာပေးခဲ့၏။ ထိုသူသည်လည်း ခရစ်ယာန် ဖြစ်လာ ခြင်းကြောင့် များစွာ ဆင်းရဲ ဒုက္ခခံရသော်လည်း သစ္စာရှိရှိ အသက်ရှင်ပြီး လူများစွာကို ခရစ်တော်ထံ ပို့ဆောင်ခဲ့သည်။

    ၁၇၉၈ ခုနှစ်တွင် ကယ်ရီနှင့်အတူ ပါဝင်ရန် အင်္ဂလန်ပြည်မှ လူ (၄) ဦး ရောက် လာ၏။ သူတို့သည် ဆေရမ်ပို (Serampore) အရပ်၌ သာသနာပြု ဗဟိုဌာန တည်ဆောက် ခဲ့ပြီး အိန္ဒိယပြည် အရပ်ရပ် သို့သွားကာ ခရစ်တော် အကြောင်း ဟောကာ စာသင်ကျောင်း များလည်း ဆောက်လုပ် ပေးခဲ့ကြ၏။ သူတို့၌ ကျမ်းစာ၊ နှုတ်ကပတ်တော် ဆိုင်ရာ စာအုပ် လေးများ ပုံနှိပ်ရန် ပုံနှိပ်စက်ကြီး တစ်ခုလည်း ရှိခဲ့၏။

    ၁၈၀၀ ပြည့်နှစ်တွင် ကယ်ရီသည် ဆေရမ်ပို ကောလိပ်ကို တည်ထောင်ခဲ့၏။ မိဘမဲ့ ဂေဟာ တစ်ခုနှင့် အနာကြီး ရောဂါသည် (နူနာ) ဆေးရုံ တစ်ဆောင်ကို လည်း တည်ထောင်ခဲ့ သည်။ အိန္ဒိယပြည်၌ (၂၂) နှစ် နီးပါး နေခဲ့ပြီး (၁၈၁၅) ခုနှစ်၌ ကယ်ရီအားဖြင့် ယုံကြည်သူ (၇၆၅) ဦး ရှိခဲ့၏။ သူမသေဆုံးခင် အိန္ဒိယ၌ အသင်းတော် (၂၆) ပါး တည်ထောင်ခဲ့၏။

    ကယ်ရီအား ကလကတ္တားရှိ အစိုးရ ကျောင်း၌ ဘင်္ဂါလီ ပါမောက္ခအဖြစ် ခန့်အပ်ခဲ့၏။ နောင်အခါ သူသည် ထိုကောလိပ်၌ မာရတိနှင့် ပါဠိ ဘာသာစကား တို့ကိုပါ သင်ကြားပေးခဲ့၏။ ပါမောက္ခ အနေဖြင့် နှစ်ပေါင်း (၃၀) တာဝန်ထမ်းဆောင်ခဲ့ပြီး ရရှိသော လစာအများစုကို ဘုရားသခင်၏ အမှုတော် မြတ်ကြီး အတွက် ပါဝင်ခဲ့ပြီး မိမိအတွက် အနည်း ငယ်မျှသာ အသုံးပြုခဲ့သည်။

    (၁၈၀၀) ပြည့်နှစ်တွင် ဓမ္မသစ်ကျမ်းကို ဘင်္ဂါလီ ဘာသာသို့ ပြန်ဆိုပြီး၏။ မသေဆုံးမီ သမ္မာ ကျမ်းစာ တစ်အုပ်လုံးကို ဘာသာ စကား (၂၀) နီးပါးမျှ ပြန်ဆိုနိုင်ခဲ့ပြီး အရှေ့တိုင်း ဘာသာ စကားဖြင့် ဓမ္မသစ် ကျမ်းကို ဘာသာ စကား (၄၀) ကျော် ပြန်ဆိုခဲ့သည်။ ထို့ကြောင့် သူ့အား ကမ္ဘာတစ်ခုလုံး၏ သုံးပုံ တစ်ပုံအတွက် သမ္မာကျမ်းကို ဘာသာပြန်ပေးခဲ့သူ ဟု ပြောစမှတ်ပြုကြပေသည်။

    ကယ်ရီ အားဖြင့် အစိုးရက ပြန်လည်ပြုပြင်သော ဥပဒေတစ်ရပ်မှာ “သေဆုံးသူ ခင်ပွန်းသည် အလောင်းကို မီးရှို့စဉ် ထင်ပုံထဲသို့ အသက်ရှင် နေသော ဇနီးကိုပါ ထည့်ရှို့ခြင်း ကိုတားမြစ်သော ဥပဒေ” ဖြစ်သည်။ ဂင်္ဂါမြစ် ထဲသို့ ကလေးသူငယ်များ ပူဇော်ရန် ဆက်သခြင်း ကို ရပ်ဆိုင်း ရန်လည်း သူ့၌ တာဝန်ရှိ ခဲ့ပေသည်။

    ဤမျှလောက် ပြောင်မြောက် အောင် စွမ်းဆောင်နိုင် ခဲ့သော်လည်း သူသည် တာဝန် ကျေရုံမျှသာ ပြုသော အစေခံ တစ်ယောက် ကဲ့သို့ မိမိကိုယ်ကို အမြဲမှတ်ယူပြီး အနည်းငယ်မျှ သာ အသုံးဝင် သောသူ ဖြစ်သည်ဟု ပြောခဲ့ပေသည်။ သူ၏ နောက်ဆုံးနေ့ရက် များအတွင်း သူရောက်ခဲ့သော မိတ်ဆွေ တစ်ယောက်အား “ငါသေ တဲ့အခါ ဒေါက်တာ ကယ်ရီအကြောင်း ဘာမျှ မပြောပါနဲ့။ ဒေါက်တာ ကယ်ရီရဲ့ ကယ်တင်ရှင် အကြောင်း ကိုသာ ပြောကြပါ” ဟု မှာခဲ့ ပေသည်။

    ဘင်္ဂါလီ ဘာသာဖြင့် သူဘာသာ ပြန်ထားသော ဘင်္ဂါလီ ဓမ္မသစ် ကျမ်းကို (၈) ကြိမ် မြောက် ပြန်လည် တည်းဖြတ်ပြီး အသက် (၇၂) နှစ်တွင် “ငါ့အလုပ်ပြီးပြီ” လုပ်စရာ မရှိတော့ ဘူး။ ဘုရားသခင် အလိုတော်ကို စောင့်ရန်သာ ရှိတော့တယ်။” ဟု ပြောခဲ့သည်။ (၂) နှစ်ကြာ ပြီးနောက် (၁၈၃၄) ခုနှစ်၊ ဇွန်လတွင် သူကွယ် လွန်ခဲ့ပြီး ခန္ဓာကို သူချစ်ခင် မြတ်နိုးသော အိန္ဒိယပြည် ၌ပင် မြှတ်နှံခဲ့ပေသည်။ သူသည် သူ၏မိခင် တိုင်းပြည် သို့ တစ်ခါမျှ မပြန်တော့ဘဲ အိန္ဒိယပြည်၌ (၄၁) နှစ်မျှ အမှုတော် မြတ်ကို ဆောင်ရွက်ခဲ့ရ အသီး အပွင့်များသည် ယနေ့တိုင် ကျန်ရစ် လျက်ရှိပြီး သူ့အား “ခေတ်သစ် သာသနာပြု လုပ်များ၏ ဖခင်ကြီး” ဟု ခေါ်ထိုက် ပေသည်။

PDF ဖိုင်ဖြင့် ရယူလိုပါက ဒေါင်းလုပ် ရယူပါ။
http://zipansion.com/3rut0


 ဆရာ ဦးအုန်းမြင့်၏ လက်ဝါး ကပ်တိုင်တော်၏ အစေခံများ  (Servants Of the Cross) စာအုပ်မှ ကူးယူ ဖော်ပြပါသည်။